မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနမှ တိုင်ဖွန်းမုန်တိုင်းအန္တရာယ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်စုဖွဲ့ 

မဟာအောင်မြေ ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တိုင်ဖွန်းမုန်တိုင်း"ကာဂျီကီ"၏အကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် တပ်ဖွဲ့ဝင်၊ ယာဥ်/စက်၊ လှေများ အသင့်စုဖွဲ့ထား၍ မုန်းတိုင်း အန္တရာယ်တုန့်ပြန်နိုင်စေရန် ကြိုတင်လေ့ကျင့်ပြင်ဆင်စုဖွဲ့မှုများကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

အဆိုပါ ကြိုတင်လေ့ကျင့်ပြင်ဆင်စုဖွဲ့ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင် ဦးစီးကာ မုန်တိုင်း အန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် မြို့နယ်မီးသတ်သန္ဓေ(၁၀)ဦး အရန်မီးသတ် ၂၀ဖြင့် ကြိုတင်လေးကျင့်ပြင်ဆင်မှုများပြုလုပ်ထားကြောင်းသိရသည်။

အောင်ဇော်မင်း