မြစ်သား ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များသည် ယ နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်စခန်းတွင် ကာဂျီကီ (KAJIKI) မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ် တပ်ဖွဲ့ဝင်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
မီးသတ်တပ်ဖွဲ့ဝင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း များကို ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့် ခွဲနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမင်းအောင်နှင့်အဖွဲ့ဝင်များက မီးသတ်စခန်းရှိတပ်ဖွဲ့၀င်များစုဖွဲ့ ပြင်ဆင်မှုကိုစစ်ဆေးပြီး မီးဘေး လုံခြုံရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်ကို ကျေပွန်အောင်ဆောင်ရွက်ကြရန်ပြောကြားသည်။ ဆက်လက်၍ ကာဂျီကီ (KAJIKI) မုန်တိုင်း အန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လူ/ ယာဥ်/ စက်၊ ရှာဖွေကယ် ဆယ်ရေးသုံး ပစ္စည်းကိရိယာများအသင့်စုဖွဲ့ ထားရှိမှုအားစစ် ဆေးကြည့်ရှုခဲ့ကြောင်းသိရ သည်။
ဝါဝါမြင့် (မြစ်သား)