မိုင်းတုံ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေအားကြည့်ရှုစစ်ဆေးခြင်းကို ဩဂုတ်လ ၂၄ ရက်က အမှတ်(၆၀၀၃) ဘောလုံးကွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ငြိမ်းထွန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် တာဝန်ရှိသူများအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ ယာဉ်/ယန္တရားစုဖွဲ့မှုအဖွဲ့၊ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့တို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာအဖွဲ့တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးကျော်စိုး (ပြန်/ဆက်)