မိုင်းတုံ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၄ ရက်နေ့က မိုင်းကန်ကျေးရွာ၊ မိုင်းကန်(ခန်းမ)၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နန်းနွမ်းဖောင်နှင့် ကော်မတီဝင်များက မဲကင်ကျေးရွာရှိ ရွာသူ/ရွာသားများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ပြည်သူများကိုယ်တိုင် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဒု-ဥက္ကဋ္ဌ ဦးမျိုးသူကျော်၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများ အင်အား (၁၀၀) တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးကျော်စိုး(ပြန်/ဆက်)