ကျေးသီး သြဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ်တွင် လူငယ်များ အတွက် ဒီမိုကရေစီ နိုင်ငံသားကောင်း ဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေး သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အခြေခံပညာ မူလတန်း(လွန်)ကျောင်း၊ လုံပုရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးက အမှာစကား ပြောကြားပြီး Training Officer ဒေါ်ဝင်းမြထွန်းက သင်တန်း စည်းမျဉ်း စည်းကမ်း အစီအစဉ်အကြောင်း ခြုံငုံ ပြောကြားပြီး သင်တန်း အစီအစဉ်များ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို(၃)ရက်တာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး ကျေးသီးမြို့နယ် စေတနာရှင် လူငယ်(၂၈)ဦး တတ်ရောက် ခဲ့ကြောင်းသိရသည်။
သဲစုပိုင်(ပြန်/ဆက်)