အောင်မြေသာစံမြို့နယ်ပညာရေးမှူးဖလား အခြေခံပညာအသက်(၁၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲနှင့်ဆုချီးမြင့်

မန္တလေး  ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၆ရက် နံနက် ၈ နာရီက  ၈၁လမ်း၊၂၃/၂၄လမ်းကြားရှိ အမှတ်(၂၁)အခြေခံပညာ မူလတန်းကျောင်း အားကစားပြိုင်ကွင်း၌ ပြုလုပ်သည်။

ဗိုလ်လုပွဲစဉ်အဖြစ် ပညာရေးနယ်မြေ (၄/ခ)အသင်းနှင့်ပညာရေးနယ်မြေ(၅/ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးနယ်မြေ(၄/ခ)အသင်းက အချိန်ပိုတွင် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။

အခမ်းအနားသို့ ခရိုင်ပညာရေးမှူး ဦးသိန်းဒန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝင်းမျိုးထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေး၊ ကျောင်းအုပ်ကြီးများ၊၊ ဒိုင်အဖွဲ့ဝင်များ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ တက်ရောက်ကြသည်။

ဆုပေးပွဲတွင် ပွဲစဉ်တစ်လျှောက်  တစ်ဦးချင်းဆုရရှိသူများ၊ ဒုတိယဆုရ ပညာရေးနယ်မြေ (၅/ခ)အသင်း၊ ပထမဆုရ ပညာရေးနယ်မြေ(၄/ခ)အသင်းတို့ကို ခရိုင်ပညာရေးမှူး၊ မြို့နယ် ပညာရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  ဆုများချီးမြှင့်ပေးအပ်ကြသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)