ပုဇွန်တောင်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုဇွန်တောင် ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးပထမပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအသွင်သဏ္ဍန်နှင့်အနှစ်သာရကောင်းမွန်မှုစစ်ဆေးမှု၌ အကောင်းဆုံးဆုရရှိသည့်ရပ်ကွက်များအားဆုချီးမြှင့်ပေးခဲ့ပြီး အစည်းအဝေးဒုတိယပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မိုးအောင်က စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ သက်ဆိုင်ရာကဏ္ဍများအလိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင် ရွက်ရာတွင် မိမိတို့လုပ်ငန်းများအား အဆင့်ဆင့်ကြီးကြပ်ရန်နှင့်မှတ်တမ်းများပြည့်စုံအောင်ဆောင်ရွက်ကြရန်၊ မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာ‌ရေး၊ ရုံးဌာနများနှင့်ဝန်ထမ်းအိမ်ရာများသန့်ရှင်းသာယာလှပစေရေးဆောင် ရွက်ကြရန်၊ မိမိတို့ရုံးဌာနများလုံခြုံရေးအတွက် အထူး ဂရုပြုဆောင်ရွက်ကြရန်၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်၊ မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများအတွက် အကျိုးရှိ‌သောလုပ်ငန်းများအား အဓိကထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးမှာကြားခဲ့ကြပြီးတက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဆွေးနွေးတင်ပြရန်ရှိသည်များဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အ ဖွဲ့ဝင်များကတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်(ပြန်/ဆက်)