အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊ယိုးဒယားဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိ စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊ယိုးဒယားဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ယမန်နေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ ဈေးတာ ဝန်ခံများနှင့် တာဝန်ရှိသူများက ယိုးဒယားဈေးသို့ သွားရောက်၍  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်နိုင်စေရန် အတွက် ဈေးရောင်းချသူများနှင့်ဈေးဝယ်လာသူများအား နှာခေါင်းစည်းများ တပ်ဆင်၍ ရောင်းဝယ်နေမှု အခြေအနေများ၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့် အညီလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိ စေရန်နှင့် ကြိုတင်ကာကွယ်ရေး အတွက် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ် စောင့်ကြည့် စင်တာ (၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances (၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)