တနိုင်း သြဂုတ် ၂၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သက်ပိုင်က မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် သုံးစွဲပုံအဆင့်ဆင့်များ၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးချိန်နှင့် မဲရေတွက်အချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံအကြောင်းအရာများကို Power point ဖြင့် ရှင်းလင်းပြသခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွပ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်များမှ မဲဆန္ဒရှင်ပြည်သူ(၅၄)ဦးတို့က မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော်နှင့် ပြည်နယ်လွတ်တော်အတွက် ကိုယ်တိုင်လက်တွေ့စမ်းမဲပေးခဲ့ရာ မဲဆန္ဒရှင်ပြည်သူများက အားရကျေနပ်ဖွယ်ရှိကြောင်း သိရသည်။
အဆိုပါအခမ်းနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွပ်အုပ်ချုပ်ရေးမှုးများနှင့် ရပ်ကွက်များမှ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်းအင်အားပျမ်းမျှ(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)