သာစည် ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသူရိယခန်းမ၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲကို ဩဂုတ် ၂၅ ရက်နံနက် ၉ နာရီက ကျင်းပသည်။
ဦးစွာ Grade-4 နှင့် 5 ကျောင်းသား/သူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့်သီဆိုဖျော်ဖြေသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးလှထွန်းက ပညာရည်ချွန်ဆုချီးမြှင့်ပေးခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးဒေါ်လဲ့လဲ့စိမ်းက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များက အလှုရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ပြီး ၊ထူးချွန်ဆုရဆရာမများ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသားကျောင်းသူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အတန်းအလိုက်ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဆု ချီးမြှင့်ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်