မြစ်သား သြဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၆၅၃) တောင်သူ ဦးသိန်းထွန်းကွင်းတွင် တောင်သူအခြေပြုလိုင်း-၆၆ ချည် မျှင်ရှည်ဝါမျိုးကောင်း၊ မျိုးသန့်မျိုးစေ့ထုတ် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုး ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀နာရီ က ကွင်းသရုပ်ပြစိုက်ပျိုးသည်။
ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးသုတေသန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမြင့်က အရည်အသွေးကောင်းမွန်သည့် ဝါမျိုးကောင်းမျိုးသန့်များဖြစ်လာစေရေး မျိုးရိုးဗီဇရွေးချယ်ခြင်းနည်းဖြင့် ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး အထွက် နှုန်းကောင်းမွန်ရန် ဒေသခံတောင်သူများအား အသိပညာပေးဆွေးနွေးသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝါနှင့်လျှော်မျှင်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်အေးမီမီစိုးက မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါကင်းစင်ခြင်း၊ အထွက်နှုန်းကောင်း မွန်ခြင်း၊ အပင်ပေါက်ရာခိုင်နှုန်းကောင်းမွန်ခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းထိန်က ဝါအထွက်နှုန်း မြင့်မားစွာ ရရှိရေး လိုက်နာဆောင်ရွက်ရမည့်နည်းစနစ်အကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင် သူများက သိရှိလိုသည်များကို မေးမြန်းဆွေး နွေးခဲ့ကြရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦး စီးဌာနတို့မှ တာဝန်ခံအရာရှိများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)