မြောက်ဥက္ကလာပမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်၀မ်းပျက်၊ ၀မ်း‌လျှောရောဂါကာကွယ်ဆေး(Oravacs)များ စတင်တိုက်ကျွေး

မြောက်ဥက္ကလာပ ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၇ နှစ်ကြား KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ရန်အတွက် ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs)တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ အခြေခံပညာကျောင်းများတွင် တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ထိုသို့ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းဦးဆောင်ကြီး ကြပ်၍ ကျန်းမာရေး၀န်ထမ်းများကမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်ပညာသင်ကြားနေကြသော အသက် ၅ နှစ်မှ ၇ နှစ်ကြား KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ရန်အတွက် ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs)တိုက်ကျွေးခြင်းကို စနစ်တကျတိုက်ကျွေးခဲ့ကြသည်။

အဆိုပါကာကွယ်ဆေးတိုက်ကျွေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်(၁) ဗိုလ်မှူးဖြိုးဝေလင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးစီးအရာရှိဦးဇော်မွန်၊ ဦးစီးအရာရှိဒေါ်ဆုမွန်သော်တာ၀န်ရှိသူများကလာရောက်ခဲ့ကြပြီး လုပ် ငန်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် လိုအပ်သည်များကို ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးခဲ့ကြသည်။ 

မြောက်ဥက္ကလာပမြို့နယ်တွင်ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးမည့် KG တန်းကလေးငယ်(၅၂၂၃)ဦးရှိရာ နှစ်ရက်အတွင်းအခြေ ခံပညာကျောင်းများသို့ကွင်းဆင်းကာ ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေးတိုက်ကျွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာ၀န်ရှိသူထံမှသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)