လှည်းကူးမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

လှည်းကူး ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ကလီထော်ကျေးရွာ၊ သာယာကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဒုလဝကမှူးဦးသန့်ဇင်​ထွေးဦးဆောင်၍ ဝန်ထမ်းများသည် ကလီထော်ကျေးရွာနှင့်သာယာကုန်းကျေးရွာတို့ရှိ ပြည်သူများအား အိမ်ထောင်စုစာရင်းများစိစစ်ဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ Biometric စာရင်းများကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ မြို့နယ်ဦးစီးမှူးဦးဇော်မင်းကြည်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

အေးအေးနွဲ့(လှည်းကူး)