မှော်ဘီမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းများ မြေပြင်ကွင်းဆင်းဆောင်ရွက်

မှော်ဘီ ဩဂုတ် ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၂၄ ရက်နေ့နံနက်ပိုင်းက ဘန့်ဘွေးကုန်းကျေးရွာအုပ်စုသို့ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လဝကဦးစီးမှူးဦးဝင်းမြတ်ဆွေ၏ဦးစီးဦးဆောင်ကြီးကြပ်မှုဖြင့် ဒုလဝမှူးဦးထွဋ်ခေါင်ဝင်းနှင့်ဝန်ထမ်းများက ဘန့်ဘွေးကုန်းကျေးရွာအတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် ပြားမရှိသေးသည့်ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ ပျက်စီးပျောက်ဆုံးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခြင်းများနှင့် အိမ်ထောင်စုလူဦးရေစာရင်းလုပ်ငန်းများကို ကျေးရွာ/ရပ်ကွက်အတွင်းသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

 ဝင်းဇော်(ပြန်/ဆက်)