ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျောင်းတွင်း အဟာရကျွေးမွေး

ကျောက်ဆည်  ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ်  ကျောင်းတွင်းအဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံ ပညာ မူလတန်းလွန်ကျောင်းတွင် ကျင်းပသည်။

အဟာရကျွေးမွေးရာတွင် အမှတ်(၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဆရာ/ဆရာမများပူးပေါင်းပြီး KG ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းများ ရှင်းလင်းပြောကြားခဲ့ပြီး စနစ်တကျ လက်ဆေးနည်းများ၊ သွားခံတွင်း သန့်ရှင်းရေးလုပ်ငန်းများကို လက်တွေ့လုပ်ဆောင်စေခဲ့ပြီး ကုလားပဲ၊ ကြက်ဥ၊ အာဟာရထမင်းများနှင့် ငှက်ပျောသီးကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)