မိုးညှင်း ဩဂုတ် ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သင်တန်းတက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဩဂုတ်လ(၂၃)ရက်နေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဆဋ္ဌမအဖွဲ့အား ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် တက်ရောက်လာကြသည့် မဲရုံတာဝန်ခံသင်တန်းသား သင်တန်းသူများအား သင်တန်းနည်းပြများက အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ် အသုံးပြုပုံးနည်း အဆင့်ဆင့်တို့ကို အုပ်စုဖွဲ့၍ လက်တွေ့ပြသ သင်တန်းပေးလျက်ရှိရာ သင်တန်းသား သင်တန်းသူများမှ သိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးကြပြီးနောက် မြေပြင်အမှန်တကယ် မဲပေးပုံနည်းစနစ်အတိုင်း လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို အဖွဲ့ခြောက်ဖွဲ့ခွဲ၍ မဲရုံတာဝန်ခံ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၃၅)ဦးအား ဩဂုတ်လ(၁၁)ရက်မှ (၂၃)ရက်ထိ သင်တန်းပို့ချသင်ကြားလျက်ရှိရာ ယနေ့နောက်ဆုံးသင်တန်းအနေဖြင့် ဆဋ္ဌမအဖွဲ့အား သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)