ညောင်ဦး ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးခြင်း အသိပညာပေးသရုပ်ပြပွဲကို ဩဂုတ် ၂၅ ရက် နံနက် ၉ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ ဆောင်ရွက်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကားပြောကြားပြီး ယခင်ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သော နိုင်သူအကုန်ယူစနစ်(FPTP)အစား ယခုရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်(FPTP)နှင့် အချိုးကျ ကိုယ်စားပြု စနစ်(PR)စနစ်ကိုပေါင်းစပ်ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ်(MMP) ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုမဲဆန္ဒရှင်များ မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာနဲ့မဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုနိုင်ရေး စမ်းသပ်မဲပေးကြရန်ပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဒေါ်ယွန်းယွန်းထိုက်က မဲပေးစက်နှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။
ဆက်လက်၍အခမ်းအနားသို့ တက်ရောက်လာသူများကအဖွဲ့များမှ(MEVM) မဲပေးစက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း