တံတားဦးမြို့နယ် မီးဘေးလုံခြုံရေးအတွက် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

တံတားဦး  ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်ကျွမ်းမှု မဖြစ်ပွားစေရး၊ မီးသတိပြုရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် ယနေ့နံနက်(၉)နာရီက တံတားဦးမြို့အောင်သန်းကျော် စက်သုံးဆီဆိုင်အား ကွင်းဆင်းစစ်ဆေးသည်။

တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံရေးအတွက်စစ်ဆေးအသိပညာပေးခြင်း လုပ်ငန်းများနှင့် အကြံပြုဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)