ပျော်ဘွယ် ဩဂုတ် ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဇီဝအချက်အလက်ဆိုင်ရာများကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၄ ရက်က ပေပင်လေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်သည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးထက်ကိုအောင်နှင့်ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးဆောင်ရွက်ခြင်း၊ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြရာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူ(၅၁)ဦးအား နိုင်ငံသားကတ်ရရှိအောင်ဆောင်ရွက်ပေးခြင်း၊ ဇီဝဆိုင်အရာ အချက်အလက်ကောက်ယူရာတွင် ၁၃၁ဦးအား စာရင်းကောက်ယူနိုင်ခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)