မိတ္ထီလာ သြဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် လယ်ဂျာစာရေးအခြေခံသင်တန်း အမှတ်စဉ်(၇/၂၀၂၅) ဒုတိယအကြိမ်မြောက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အထွေထွမန်နေဂျာ ဒေါ်ကြည်ကြည်လေး(ဘဏ္ဍာ)က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လယ်ဂျာစာရေး ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ရုံးလုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ လယ်ဂျာစာရေးအခြေခံသင်တန်းအမှတ်စဉ် (၇/၂၀၂၅)(ဒုတိယအကြိမ်မြောက်)ကို ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဒေါ်ကြည်ကြည်လေး(ဘဏ္ဍာ)နှင့် လက်ထောက်အထွေထွေမန်နေဂျာ (ဘဏ္ဍာ)၊ မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ တို့မှ ပို့ချသွားမည်ဖြစ်ပြီး ၎င်းသင်တန်းကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော လယ်ဂျာစာရေး ဝန်ထမ်း ၄၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)