ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာ အ‌ခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး

ပြင်ဦးလွင် ဩဂုတ် ၂၅

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော  လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင်  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌ နံနက်၉နာရီခွဲက ရေငယ်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပသည်။

ဟောပြောပွဲတွင် ရေငယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးကျော်မင်းဦးကဟောပြောပွဲရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြန်မာစာပေယဥ်‌ကျေးမှု အသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်”ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

ထို့နောက် ဟော‌ပြောဆွေးနွေးချက်များကို ကျောင်းသား/ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်ပြီး မေးမြန်းချက်များ ပြန်လည်ဖြေကြား‌ပေးခဲ့သော ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူးက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးကျောင်းသား/ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်၊ စာစောင်များခင်းကျင်းပြသ‌သည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)