မဟာအောင်မြေ ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၂၅ ရက်က စင်္ကြာနွယ်စဉ်ရပ်ကွက် လက်ပန်တန်းဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် မဟာအောင်မြေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဆွေလွင်အောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်က မဲဆန္ဒရှင်များအား မြန်မာအီလက်ထရော နစ်မဲပေးစက်(MEVM) ဖြင့် သုံးစွဲပုံအဆင့်ဆင့်များကို ရှင်းလင်း ပြောကြားပြီးနောက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရော နှစ်မဲပေးစက်များတပ်ဆင်ပုံ၊ မဲပေးချိန်နှင့် မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်း ပြသရာ တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကိုယ်တိုင်စမ်းသပ်မဲ ပေးခြင်း များကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်နေပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
အဆိုပါ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို မဟာအောင်မြေ မြို့နယ်ရှိ ကျန်ရပ်ကွက်များသို့ ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
အောင်ဇော်မင်း