သင်္ဃန်းကျွန်း သြဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် အခြေခံပညာဦးစီးဌာန အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် ကဗျာလွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး (ပညာ) ဒေါ်သင်းသင်းနိုင်က ပြိုင်ပွဲအမှတ်ပေးစည်းကမ်းများ ရှင်းလင်းပြောကြားသည်။ ပြိုင်ပွဲတွင် အ-ထ-က (၁၀) တာမွေ၊ အမေ့အိမ် (သင်္ဃန်းကျွန်း) ကိုယ်ပိုင်ကျောင်း၊ အ-လ-က (ရန်ကင်း) လေ့ကျင့်ရေးကျောင်း၊ အ-ထ-က (၄)တောင်ဥက္ကလာပကျောင်းမှ ကျောင်းသူလေးများ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။
ခရိုင်အဆင့် ကဗျာလွတ်ပြိုင်ပွဲသို့ သင်္ဃန်းကျွန်းခရိုင် ပညာရေးမှူး ဒေါ်စုစုနိုင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ လက်ထောက်ပညာရေးမှူး ဒေါ်သင်းသင်းနိုင် အ-ထ-က (သုဝဏ္ဏ) ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ဆုပေးပွဲတွင် ပထမဆုရရှိသည့် အ-လ-က (ရန်ကင်း) လေ့ကျင်းရေးကျောင်းအား ခရိုင်ပညာရေးမှူးကလည်းကောင်း၊ အခြားဆုရရှိသည့် ကျောင်းများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားသို့ ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မိုး