မြစ်သား ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်ကာ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက အခြေခံပညာမူလတန်း ကျောင်းများရှိ Kg ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉) နာရီမှ စတင်၍ အာဟာရကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါအာဟာရကျွေးမွေးရာတွင် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ရာ မြစ်သားမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများမှ Kg ကျောင်းသား၊ ကျောင်းသူ (၁၁၁) ဦးအား အာဟာရကျွေးမွးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)