ချမ်းအေးသာစံ သြဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ (Community Center) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်မှ ကလေးလူငယ်များ၏ ပညာရေးကို ထိခိုက်စေနိုင်သည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာဗဟုသုတများစွာကို ကျောင်းသားလူငယ်များ သိရှိစေရန်အတွက် ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်မှ ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဥာဏ်ရည်မြင့်မားစေရန်အတွက် လူငယ်နှင့်ပတ်သတ်သည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား လူငယ်များ၏ ဘဝတက်လမ်းကို ဖျက်ဆီးစေနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် လူငယ်များ၏ ပညာရေးကို ထိခိုက်စေသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်