အင်းစိန်မြို့နယ်၌ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ KG ကလေးငယ်များအား ပြင်းထန်၀မ်းပျက်၊ ၀မ်း‌လျှောရောဂါ ကာကွယ်ဆေး (Oravacs) တိုက်ကျွေး

အင်းစိန် ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး (Oravacs) (ပထမအကြိမ်) တိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ KG ကလေးငယ်များအား တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ကျွေးရာတွင် အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ နွယ်အိလှိုင်နှင့် ကျန်းမာရေး၀န်ထမ်းများက စဥ့်ငူရပ်ကွက်၊ ရွာမအနောက်ရပ်ကွက်၊ တညင်းကုန်းရပ်ကွက်၊ ပေါက်တောရပ်ကွက်နှင့် ကမ်းနားအလယ်ရပ်ကွက်ရှိကျောင်းရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး (Oravacs) ကို စနစ်တကျတိုက်ကျွေးခဲ့ကြ‌ကြောင်း သိရှိသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)