မိုင်းယောင်းသနမျှစ် လူကြိုက်များပြီး စျေးကောင်းရရှိ

 

 

မိုင်းယောင်း သြဂုတ် ၅

 

ယခုကာလသည် သနဝါးပင်ရှိ သနမျှစ်များ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ပါသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဒေသထွက် သနမျှစ်(နော်လိန်း)ကို လူကြိုက်များပြီး စျေးကောင်းရရှိနေသည်။

သနဝါးပင်သည် ပေ ၃၀ ကျော်အမြင့်ရှိပြီး တောင်စောင်း တောင်စွန်းများတွင် သဘာဝအလျောက် ပေါက်ရောက်ကာ သနပ်မျှစ် ခုနစ်ချောင်းပါ တစ်စည်းလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ အထိ ရောင်းရကြောင်း သနမျှစ်ရှာဖွေရောင်းချသူအမျိုးသမီး တစ်ဦးထံမှ သိရသည်။

မျှစ်များတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ကြောင်း၊ မျှစ်တွင် ပါဝင်သော ဖိုင်ဘာဓာတ်သည် ရေရှည်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူမကြီးကင်ဆာဖြစ်တာကိုလည်း ကာကွယ်ပေးကြောင်း၊ မျှစ်တွင် ပါဝင်သည့် ပိုတက်စီယမ်သည် ခန္ဓာကိုယ်တွင်းက သွေးပေါင်နှင့် နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေရန် ထိန်းညှိပေးကြောင်း တိုင်းရင်းဆေးမှူး ဦးဝေဇော် ထံမှ သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)