ဒဂုံအရှေ့ ဩဂုတ် ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်းနှင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ အမှတ် ၁၊ ၁၂၄၊ ၁၃၃၊ ၁၅၆ ရပ်ကွက်များနှင့် မလစ်(အရှေ့) ကျေးရွာရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ၊ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အသက်(၁၆-၁၈)ကြား၊ (နိုင်) မရှိသူများ၊ အသက်၁၈နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ၊ အိမ်ထောင်စုမရှိဘဲ ပုံစံအလွတ်ဖြင့် ကောက်ယူလာသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအားပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ အငြိမ်းစား(ဝန်ထမ်း)များနှင့် ရပ်ကွက်နေ ပြည်သူများအား Biometric ကောက်ယူခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)