ညောင်ဦး ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဖြန့်ချိရောင်းချလျက်ရှိသော ရေသန့်စက်ရုံများသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းအား ယမန်နေ့နံနက် ၇ နာရီအချိန်က ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မျိုးခိုင် ဦးဆောင်သောကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ညောင်ဦးခရိုင်စက်မှုကြီးကြပ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ညောင်ဦးမြို့နယ်အတွင်း ထုတ်လုပ်ဖြန့်ချိလျက်ရှိသော ရေသန့်စက်ရုံများဖြစ်သည့် Peace Life ရေသန့်စက်နှင့် Powerful ရေသန့်စက်ရုံများသို့ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေးတို့အား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း