စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

စမ်းချောင်း  ဩဂုတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်း မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် () ဖြင့် ကွင်းဆင်းဆောင်ရွက်‌ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် စမ်းချောင်း (မြောက်)ရပ်ကွက်ရှိ MEC ကိုယ်ပိုင် အထက်တန်းကျောင်း၌ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ ၀န်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်  ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)