တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အင်းလေးဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်

ညောင်ရွှေ ဩဂုတ် ၂၄

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ကျန်းမာရေးလုပ်ငန်းစီမံချက်အရ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့က နန်းပန်မြို့ အလိုတော်ပေါက်ဘုရားရှိ ဇေယျသိဒ္ဓိအောင် ဓမ္နာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ်ကို ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် စဝ်စံထွန်းအထွေထွေရောဂါကုဆေးရုံမှ အထူးကု ဆရာဝန်ကြီးများ၊ အမျိုးသမီးနှင့်ကလေးဆေးရုံမှ အထူးကုဆရာဝန်များ၊ ပြည်နယ်တိုင်းရင်းဆေး ပညာဦးစီး ဌာနမှတာဝန်ရှိသူများ ပါဝင်သောအထူးကုဆေးအဖွဲ့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ အင်းလေးဒေသ ကြာတောကျေးရွာမှ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုလုပ်ငန်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ကွင်းဆင်းကုသရာ၌ အထွေထွရောဂါလူနာ ၁၄၄ ဦး၊ သားဖွားမီးယပ်လူနာ ၁၄ ဦး၊ ကလေးလူနာ ၁၆ ဦး၊ သွားနှင့်ခံတွင်းလူနာ ၁၈ ဦး၊ အရေပြားလူနာ ၃၉ ဦး၊ တိုင်းရင်ဆေးလူနာ ၁၀၂ ဦး၊ စုစုပေါင်း လူနာ ၃၃၃ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)