မြောက်ဥက္ကလာပ ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၅/၂၀၂၅)ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းက အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နည်းပြတစ်ဦးက အခြေခံရှေးဦးပြုစုခြင်း သင်တန်းတွင်ပို့ချပေးမည့် ဘာသာရပ်များဖြစ်သော ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း အဆိပ်မိခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အသက်ကယ်အထောက်အကူပြု (CPR)၊ လူနာသယ်ဆောင်ခြင်း စသည့် ဘာသာရပ်များအား ပို့ချ ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို နည်းပြ ၂ ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးက တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ် ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ သုံးရက်ကြာသင်ကြားပို့ချ ပေးမည် ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)