ညောင်ရွှေ ဩဂုတ် ၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်(၉)နာရီက အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံ ဌာနဖြစ်သည့် ကျေးပေါခုံဌာန ဘုရားကြွလမ်းကြောင်း၊ သံဃာနားနေဆောင်ဆောက်လုပ်နေမှု၊ ဒေသစာရီစံကျောင်းတော် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ကျေးပေါခုံဌာနမှ အင်းတိန်ဌာ နသို့ ပင့်ဆောင်ပူဇော်သည့် စောင်းတန်းတော်ပြုပြင်မွမ်းမံမှုလုပ်ငန်းနှင့် အင်းတိန်စံကျောင်းတော် ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြ ပြီး ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
နေ့လည်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများဖြစ်သည့် ရင်ပြင်တော်ကျောက်ပြားခင်းခြင်း၊ မြောက်ဘက်မုခ်စောင်းတန်း၊ လှေခါးများ၊ စံကျောင်းတော်အောက်ထပ်၊ စင်္ကြန်လမ်းနှင့်ဝရံတာများ ပြုပြင်မွမ်းမံဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းအလိုက် တာဝန်ယူဆောင်ရွက်နေသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက လုပ်ငန်းများအချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီ ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို လမ်းညွှန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်ဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးများသည် နန်းပန်မြို့ရှိ မိုးလုံလေလုံအားကစားခန်းမ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးများသည် ညောင်ရွှေမြို့ ကမ်းနားလမ်းရှိ ဖောင်တော်ပြန် ပြာသာဒ်ဆောင်၊ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ဆုပေးမဏ္ဍာပ်ဆောင်၊ တိုင်းရင်းသားရိုးရာ ပဒေ သာကပွဲနေရာနှင့် ဖောင်တော်ဆိုက်ပြာသာဒ်ဆောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ(ပြန်/ဆက်)