တန့်ယန်း ဩဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လက်တွေ့စမ်းသပ် မဲပေးခြင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်းက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ၏ ဖွဲ့စည်းတည်ဆောက်ထားမှု၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုများနှင့် ကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ကိုယ်တိုင် မဲပေးကြ၍ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)