သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာန၌ မြန်မာစာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရန်ကုန် သြဂုတ် ၂၄

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မြန်မာစာစွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးစေရန်နှင့် ဗလငါးတန်နှင့်ပြည်စုံကာ ပညာပြည့်ဝနှလုံးလှသောလူငယ်များဖြစ်အောင် ကြိုးစားစေလိုကြောင်းပြောကြားပြီး မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ထို့နောက် မြန်မာစာစွမ်းရည်ပြိုင်ပွဲတွင် ဖြေဆိုနိုင်သည့်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီသီပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မြန်မာစာစွမ်းရည်ပြိုင်ပွဲတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)