‎မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

မဟာအောင်မြေ ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့က  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းအုပ် ဆရာကြီး (ကိုယ်စား) ဆရာမ ဒေါ်အေးမြင့်ခိုင်က အမှာစကားပြောကြားခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းစိုးကလူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကိုပြောကြားရာ လူငယ်များ အသိပညာ၊အတတ် ပညာနှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သူလေးများ ဖြစ်ပေါ်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက် လာစေရန်၊ စကားပြောစွမ်းရည်များ တိုးတက်လာစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်သွယ်က ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade-11  ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ဝါသနာ၊ လူငယ်နှင့်စာရိတ္တ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကလည်း သိလိုမှုများကို ပြန်လည်မေးမြန်းဆွေးနွေးခဲကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အောင်ဇော်မင်း