ပင်လောင်း ဩဂုတ်၂၄
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးသည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးသည် ဩဂုတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းက ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမနှင့် ပေါင်းလောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား သွားရောက်အားပေးစကားပြောကြားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယာယီ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ပေါင်းလောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဝင်းလမ်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုပျက်စီးသွားသည့်နေရာများနှင့် ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုခဲ့ပြီး၊ လုပ်ငန်းများပြုပြင်ဆောင်ရွက်ရာတွင် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ယင်းနောက် မွန်းလွဲ ၃ နာရီအချိန်က ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ပင်လောင်းမြို့နယ် ဘန့်ဘာကျေးရွာအုပ်စုရေးအေးရွာသို့ သွားရောက်ခဲ့ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းသွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)