မိုင်းကိုင်မြို့နယ်၌ အာဟာရဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်းအခမ်းအနားကျင်းပ

မိုင်းကိုင် ဩဂုတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အာဟာရဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်း အခမ်းအနားကို ဩဂုတ်လ(၂၃)ရက်နေ့မနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရန်သားဖွားဆရာမများ၊ စိတ်ဝင်စားသူလူငယ်လူရွယ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင် လှိုင်ဦးက ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးနောက်  မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်နန်းခမ်းလိုင်က  အာဟာရဆိုင်ရာအသိပညာအကြောင်း ဟောပြော ဆွေးနွေးပြီးနောက်  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက မေမေတို့အတွက် ကြက်သားဆန်ပြုတ်ချက်ပြုတ်နည်းကို လက်တွေ့ချက်ပြုတ်ပြသခဲ့ပြီး တက်ရောက်လာသည့် ကလေးငယ်များအား အာဟာရတိုက်ကျွေးမွေးခြင်းများ စုပေါင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဟာရဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲပြခန်းကို ဖွင့်လှစ်ပြသခဲ့ရာ တက်ရောက်လာသည့်  လူမှုရေးအသင်းအဖွဲ့များနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် စိတ်ဝင်စားသူလူငယ်လူရွယ်များက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော(ပြန်/ဆက်)