မိုင်းကိုင်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်များအား ငွေကြေးထောက်ပံ့မှုအစီအစဉ်(MCCT) အသိပညာပေးသင်တန်းဖွင့်လှစ်

မိုင်းကိုင် ဩဂုတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသောကလေးငယ်များအား ငွေကြေးထောက်ပံ့မှုအစီအစဉ် (MCCT)အသိပညာပေးသင် တန်းကို ဩဂုတ်လ ၂၂ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမောင်တင်ဦးက  အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဒေါ်မျိုးသရဖီဇော်က လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသား အဆင့်မဟာဗျူဟာစီမံချက်၊ ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် MCCT အစီအစဉ် ထောက်ပံ့ကြေးငွေများအား မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့်ထောက်ပံ့ရာတွင် တွေ့ရှိချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းရပ်များ ဆွေးနွေးပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်နန်းခမ်းလိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးတို့က မီးဖွားရန်ပြင်ဆင်ခြင်း၊ မေမေတို့အတွက် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှု စသည့်အကြောင်းအရာခေါင်းစဉ်များကို ဆွေးနွေးပို့ချခဲ့ရာ တက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့များ၊ အရန်သားဖွားဆရာမများနှင့် ကိုယ်ဝန်ဆောင်မိခင်များက မိမိတို့သိရှိလို သည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ဆန်းစစ်ချက်များ ဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စိတ်ဝင်စားအမျိုးသမီးငယ်များ၊ အရန်သားဖွားဆရာမများနှင့် ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချော(ပြန်/ဆက်)