မိုင်းကိုင် ဩဂုတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric စက်ဖြင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကထုတ်ပေးသော အငြိမ်းစားများ၏ အချက်အလက်များကို မြန်မာ့စီးပွားရေးဘဏ်၏ Centrelized
e-Pension Program တွင် ထည့်သွင်းနိုင်မည်ဖြစ်သည့်အတွက် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်ထုတ်ယူသူများအနက် (UID) နံပါတ်ရရှိခြင်းမရှိသေးသူများကို Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး scan ဖတ်ခြင်း၊ လက်ဗွေ scan ဖတ်ခြင်း၊ လိုအပ်သည့်ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ ပြုလုပ်ကာ (UID) နံပါတ်များထုတ်ပေး ခြင်းဖြစ်သည်။
အဆိုပါဆောင်ရွက်မှုတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှု တိကျမှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်၍ Biometric စက်ဖြင့် (UID) နံပါတ်များကို one stop service ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(ပြန်/ဆက်)