မှော်ဘီမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(ငြိမ်း) ပင်စင်စားများနှင့် ရုံးသို့နိုင်ငံသားစိစစ်ရေးကတ် လာရောက်ဆောင်ရွက်သူများအား UID နံပါတ်များ ဆက်လက်ဆောင်ရွက်

မှော်ဘီ ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မှော်ဘီခရိုင်မှူးနှင့် မှော်ဘီမြို့နယ်ဦးစီးမှူးတို့၏ ဦးစီးဦးဆောင်ကြီးကြပ်မှုဖြင့် မှော်ဘီမြို့နယ် ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးခီဆာရဲနှင့် ဝန်ထမ်း(၆)ဦးတို့က မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်း(ငြိမ်း) ပင်စင်စားများအား ပင်စင်လာရောက်ထုပ်ယူသူများကို Biometric ကောက်ယူခြင်း၊ Smart Card များ ပြုလုပ်ပေးခြင်း လုပ်ငန်းနှင့် UID နံပါတ်ထုတ်ပေးခြင်းများကို ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်ဆွေနှင့် ဒုလဝကမှူး ဦးခီဆာရဲပါဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း(ငြိမ်း) ပင်စင်စားများနှင့် အခြားနိုင်ငံ ဝန်ထမ်း မဟုပ်သော ရပ်ကွက်/ကျေးရွာရှိ အများပြည်သူများအားလည်း ရုံးဖွင့်ရက်များ ရုံချိန်အတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား အပြောက်အပျက်များ ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ Biometric ကောက်ယူခြင်း၊ Smart Card များ ပြုလုပ်ပေးခြင်း၊ UID နံပါတ်များ ထုတ်ပေးခြင်းလုပ်ငန်းများကို မှော်ဘီမြို့နယ် လဝကရုံးတွင် ရုံးဖွင့်ရက်တိုင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)