ရန်ကုန် ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေစွာ ရောင်းဝယ် နိုင်စေရန် ရည်ရွယ်၍ ဘိုကုန်းဈေးရုံသစ်အပိုင်း(၂) တည်ဆောက်နေမှုနှင့် သန့်စင်ခန်း ဆောက်လုပ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခြင်း ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ရွာမအရှေ့ရပ် ကွက်၊ မင်းကြီးလမ်းပေါ်ရှိ ဘိုကုန်းဈေးသို့ သွားရောက်၍ ဈေးရုံသစ် အပိုင်း(၂) တည်ဆောက်နေသည့် လုပ်ငန်းခွင်နှင့် ဈေး အတွင်းမှ သန့်စင်ခန်းဆောက်လုပ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)