ပြည်ကြီးတံခွန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်

ပြည်ကြီးတံခွန် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၅၃)လမ်း၊ ၁၄၂×၁၄၃ကြားရှိ Grand Royal အရက်ချက်စက်ရုံတွင် ယနေ့ နံနက် ၉ နာရီက မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြလေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများအား အရက်ချက် စက်ရုံရှိ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)