လှည်းကူးမြို့နယ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

လှည်းကူး သြဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီထိ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦး ဦးဆောင်၍ သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက် ထုတ်ယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား အခမဲ့ ကျန်းမာရေးစစ်ဆေးကုသခြင်း၊ ဆေးဝါးများပေးခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် ဝန်ထမ်းများက တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးခင်ဇော်က လိုအပ်သည့်များကို ပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့( လှည်းကူး)