ခရမ်း သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ “အမှားအများဆုံးလုပ်တဲ့လူကအတော်ဆုံး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ(၃) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး၊ Youth Club အဖွဲ့ဝင်မောင်ဇင်မျိုးအောင်က စာရေးဆရာပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ “အမှားအများဆုံးလုပ်တဲ့ လူကအတော်ဆုံးလူ” စာအုပ်တွင်လူတိုင်းသည် အမှားနှင့်မကင်း နိုင်ကြသည့်အတွက် အရာရာတွင်မိမိလုပ်ကိုင်ဆောင်ရွက်သည့်အခါ အမှားများစွာ ဖြစ်ပေါ်ကြမည်ဖြစ်ကြောင်း၊ အမှားနှင့်အမှန်ကို သေချာဝေဖန်စဥ်းစားတွေးခေါ်သင့်ကြောင်း၊ မိမိတို့လုပ်ကိုင်နေသည့်အလုပ်အပေါ် အမှားနည်းစွာဖြင့်စဥ်းစားတွေးခေါ် လုပ်ကိုင်ကြရမည် ဖြစ်ကြောင်းရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း၊ စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးကျော်လင်းက နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ ခေါင်းဆောင်များ၊ မျိုးဆက်သစ်စီးပွားရေးလုပ်ငန်းရှင်များသည်လည်း တိုးတက်လိုက်၊ ဆုံးရှုံးလိုက်ဖြင့် စမ်းသပ်လုပ်ကိုင်ကာ အမှားကနေအဖြေရှာနေကြသူများဖြစ်ကြောင်း၊ ဘဝတွင် ကြိုးစားရုန်းကန်ကြရင်း အမှားကိုမြန်မြန်ရှာတွေ့သူသည် အောင်မြင်မှုကို ဦးစွာရရှိနိုင်မည် ဖြစ်ပါကြောင်းနှင့် အလုပ်လုပ်ရာတွင် အမှားနည်းစွာဖြင့်တိကျသေချာစွာ လုပ်ကိုင်ဆောင်ရွက် သင့်ပါကြောင်းရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)