မြင်းခြံမြို့၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား Biometric အချက်အလက်နှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ

မြင်းခြံ ဩဂုတ် ၂၃

နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား) များအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် မြင်းခြံမြို့ မြန်မာ့စီးပွားရေးဘဏ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း ပင်စင်စား (အငြိမ်းစား) များအား ဇီဝဆိုင်ရာ အချက်အလက်များ (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်များ ဆောင်ရွက်ပေးပြီး ပင်စင်စား(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်‌ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)