သာကေတ ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်(၉)ရပ်ကွက်အတွင်း ရှုခင်းသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ကျန်းမာရေးကော်မတီတို့ ပူးပေါင်းကျင်းပသည့် Psychological First Aid Training (PFA):Disaster Mental Health သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၂) နာရီခွဲအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်သန်းမွန်မှ မိတ်ဆက်အမှာစကားပြောကြားခြင်း၊ Psychological First Aid Training (PFA): သရုပ်ဖော်တင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီးဒေါ်မော်မော်သန်းတို့မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခြင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် ဇနီးဒေါ်နီနီထွန်း၊ စည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်တို့မှ ဆရာ/ဆရာမများနှင့် သင်တန်းဖြစ်မြောက်ရေး ကူညီပေးသူများအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြု လုပ်ငန်းကော်မတီ၏ ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဆုမြတ်စန္ဒီမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ကျန်းမာရေးကော်မတီမှ လူငယ်များက သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို(၃:၄၅)အချိန်၌ ရုတ်သိမ်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီးဒေါ်မော်မော်သန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင့်နှင့်ဇနီးဒေါ်နီနီထွန်း၊ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့်အဖွဲ့ဝင်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်သန်းမွန်၊ ဆေးတက္ကသိုလ်(၁)၊ စိတ်ကျန်းမာရေးဌာနမှဌာနမှူး ပါမောက္ခဒေါက်တာ ဆန်းလင်း၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်ဇော်၊ အတွင်းရေးမှူးရဲမှူးညွန့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းမင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူ(၄၅)ဦး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အိရွှေစင်လတ် (ပြန်/ဆက်)