မြောက်ဥက္ကလာပ ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၆/၂၀၂၅) ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၉) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းက အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နည်းပြတစ်ဦးက အခြေခံရှေးဦးပြုစုခြင်း သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များဖြစ်သော ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း အဆိပ်မိခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အသက်ကယ်အထောက်အကူပြု (CPR)၊ လူနာသယ်ဆောင်ခြင်း စသည့် ဘာသာရပ်များအား ပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို နည်းပြများက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးက တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ် ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ စာတွေ့လက်တွေ့ သုံးရက်ကြာသင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)