မြောက်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးပညာဖြင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေး

မြောက်ဥက္ကလာပ ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပုရွက်ဆိတ်ကုန်းရပ်ကွက်ရှိ ဓမ္မဝိဟာရီကျောင်းတိုတ်၌ ဥပုသ်သီလ ဆောက်တည်သူယောဂီများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ဘုန်း တော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

‌ဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူဥက အသိပညာပေး ဟောပြောရာတွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများ၊ “အဆစ်ရောင်ရောဂါနှင့် ပြင်းထန်ဝမ်းလျောဝမ်းပျက်ရောဂါ” အကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ဓမ္မဝိဟာရီကျောင်းတိုက်၌ ဥပုသ်သီလဆောက်တည်သူယောဂီ သက်ကြီးအဘိုး၊ အဘွားများအား တိုင်းရင်းဆေးပညာဖြင့် ဖော်စပ်ထားသော ဆေးဝါးများနှင့် ရောဂါများအလိုက် ဆေးကုသမှုပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)