မင်္ဂလာတောင်ညွန့် ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (Book Club) အဖွဲ့ဖြင့် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ လူငယ်နှင့် အောင်မြင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေလယ် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး စာပေဆွေးနွေးရာမှ ရင်းနှီးမှုရရှိလာစေရန်နှင့် စာပေကိုချစ်မြတ်နိုးတတ်စေရန်တို့ကို ရှင်းလင်းပြောကြား ဆွေးနွေးသည်။
ထို့နောက် (Book Club) အဖွဲ့ဝင် မအေးသန္တာဦးက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်မှုနှင့်လူငယ်” နှင့် “စိတ်ထားအလှ”ခေါင်းစဥ်ပါ အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး ဦးအောင်နိုင်မိုးက ပြန်လည်ဆွေးနွေးခဲ့သည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေး ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)